မိုင်းတုံ မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးဌာနရှိ အစည်းဝေးခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲ စည်ပင်သာယာရေးဌာန၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက်အရပ်ရပ် အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းများအား ရောင်းချလုပ်ကိုင်ခွင့်ကို လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မိုင်းဆတ်ခရိုင်၊ စည်ပင်သာယာရေးဌာနမှအမှုဆောင်အရာရှိ ဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး လေလံစည်းကမ်းချက်များနှင့်ပတ်သက်၍ အကျယ်တစ်ဝန်း ရှင်းလင်းသည်။ ဆက်လက်ပြီး မိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဌေးဒမ်က လိုင်စင်စည်းကမ်းများနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီး နောက်အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်ချရာ မြို့မဈေးကောက်၊ လမ်းဘေးဈေး ကောက်၊ စက်ဘီး၊ ဆိုင်ကယ်ရပ်နားရေး၊ မြို့ဝင်ဘီးခွန်လိုင်စင်များကို မိုင်းတုံမြို့ နောင်ပါရင်ရပ်ကွက် နေဒေါ်နာစောမှလေလံရရှိပြီး၊ မြို့မအပေါင်ဆိုင်၊ နားကောင်းမူးအပေါင်ဆိုင်၊ နားကောင်းမူးပျံကျ ဈေးကောက်တို့ကို မိုင်းတုံမြို့၊ မြို့မရပ်ကွက်နေ ဦးမောင်ဌေးမှ လေလံအောင်မြင်ခဲ့ပြီး သားသတ်လုပ်ငန်းလိုင်စင်များ လေလံရောင်းချရာမိုင်တုံမြို့နယ် (ဝက်/အမဲ) လုပ်ငန်းလိုင်စင်၊ ပုံပါကျင်မြို့ (ဝက်၊အမဲ)လုပ်ငန်းလိုင်စင်နှင့် နားကောင်းမူးအမဲလုပ်ငန်းလိုင်စင်တို့ကို မိုင်းတုံမြို့၊ မြို့မရပ်ကွက်နေ ဦးမောင်ဌေးမှ လေလံအောင်မြင်ပြီး နားကောင်းမူးဝက်ဒိုင်လုပ်ငန်းလိုင်စင်ကို နားကောင်းမူးကျေးရွာနေ ဦးစိုင်းရီတို့မှ အသီးသီးလေလံအောင်မြင်ပြီး အခမ်းအနားကို နံနက် ၁၂း၃၀နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)