တွံတေးမြို့နယ်အတွင်းရှိ မယ်ပြေကျွန်းအား ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ  ကြည့်ရှု့စစ်ဆေး

တွံတေး  မတ် 

ရန်ကုန်တိုင်းသေကြီး၊ တွံတေးမြို့နယ် မယ်ပြေကျွန်းရှိ ဂယက်လမီး၊ အလယ်ချောင်း၊ကျောင်းစု၊ ကဘင်းကြီး၊ ကျွန်းဘက်ကရင်ချောင်း ကျေးရွာအုပ်စု(၅)အုပ်စုတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ နယ်မြေလုံခြုံရေးနှင့် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေး ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်ပြေကျွန်းရှိ ကျေးရွာအုပ်များ လမ်းပန်းဆက်သွယ်ရေး၊ပညာရေး၊ကျန်းမာရေးကိစ္စရပ်များ၊ လူမှုရေးနှင့်ဒေသထုတ်ကုန်များ အချိန်နှင့်တစ်ပြေးညီကုန်စည်စီးဆင်းမြန်ဆန်းစေရေးအတွက် ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဂယက်လမီးကျေးရွာအုပ်စု၊ ဂယက်လမီး-မယ်ပြေ ကျေးရွာချင်းဆက် တံတားတည်ဆောက်နေမှုအားလည်းကောင်း၊ ထော်ကူးကျေးရွာတွင်းလမ်း Box Culvert တည် ဆောက်နေမှုအားလည်းကောင်း၊ အလယ်ချောင်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား စစ်ဆေးခြင်း၊ ကျောင်းစုကျေးရွာအုပ်စုရှိ ဒေသခံရပ်မိရပ်ဖများ၊ ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးမှူးနှင့် တွေ့ဆုံဆွေးနွေးမှာကြားခြင်း၊ ကဘင်းကြီးကျေးရွာအုပ်စု၊ ကြံချပ်ကျေးရွာရှိ မယ်ပြေကျွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ကို ဆက်သွယ်တည်ဆောက်ထား သော ကြံချပ်တံတားအားကြည့်ရှု့စစ်ဆေးခြင်း၊ ဘီခိုကျေးရွာရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးခြင်း၊ ကျွန်းဘက်ကရင်ချောင်းကျေးရွာ အုပ်စု၊ ကရင်ချောင်းကျေးရွာတိုက်နယ်ဆေးရုံ၌ ကိုဗစ်- ၁၉ Positive Center ဆောင်ရွက် ထားမှုအား ကြည့်ရှု့စစ်ဆေးခြင်း၊ ကရင်ချောင်း-ကျွန်းဘက်ကျေးရွာချင်း ဆက်လမ်းအား ကြည့်ရှု့စစ်ဆေးကာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံ၍ ဒေသဆိုင်ရာလုံခြုံရေးကိစ္စရပ်များအား တာဝန်ရှိသူများက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။

တွံတေးသား