ကျိုက်မရောမြို့နယ်တွင် သဘာဝဘေးဒဏ် ခံနိုင်သောရပ်ရွာအသိုက်အဝန်း ဖြစ်ပေါ်စေရေး ပညာပေးနှင့်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်

ကျိုက်မရော မတ် ၃

မွန်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာအတွင်းရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေး ကျရောက်လာလျှင် ကြံခိုင်မှုမရှိသော နေအိမ်အချို့အား သဘာဝဘေးဒဏ် ခံနိုင်သော ရပ်ရွာအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးပညာပေးနှင့် ပြုပြုင်ရေးလုပ်ငန်းများ ဆောာင်ရွက်ပေးခြင်းကို ယနေ့နေ့လည်ပိုင်းကပိန်းနဲကုန်း ကျေးရွာအုပ်စု၊ သိမ်ဖြူကုန်း ကျေးရွာရှိ လေဘေးဒဏ်မခံနိုင်သော နေအိမ်အား ပြန်လည်ပြုပြင်ပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက သဘာဝဘေးဒဏ်ကျရောက်လျှင် အန္တရာယ်ရှိနိုင်သော နေအိမ်အချို့ကို သွပ်နန်းကြိူးများဖြင့်ချည်နှောင်ပေးခြင်း၊ အကာများပြုပြင်ခြင်း၊ အမိုးများ၊ ဒိုင်းများမျက်နှာကျက်များ အားပြုပြင်ပေးခြင်း၊ ပြိုလဲမသွားနိုင်ရန် အတွက်ဒေါက်တိုင်များ ထောက်ထားပေးခြင်း စသည်ဖြင့် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း ဖြစ်ပေါ်စေရေး ပညာပေးခြင်းများနှင့် ပြုပြင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ တာဝန်ရှိသူထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)