မင်းပြားမြို့၌ မီဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

မင်းပြား မတ်  ၃

ယခုအချိန်သည် ပူပြင်းခြောက်သွေသည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မင်းပြားမြို့နယ် ဈေးဟောင်းပိုင်းရပ်ကွက်နှင့် ရုံးတက်လမ်းရှိ လူနေအိမ်များကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက်  ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက  မီးဘေးကင်းဝေးစေရန် အတွက်မင်းပြားမြို့နယ် ဈေးဟောင်းပိုင်းရပ်ကွက်နှင့်ရုံးတက်လမ်းရှိ လူနေအိမ်များကိုတစ်အိမ် တက်ဆင်း စနစ်ဖြင့် လျှပ်စစ်မီးကို စနစ်တကျ အသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ၊ မီးခလတ်များအား၊ အသစ်လဲလှယ်အသုံးပြုရန်၊  အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရန်၊ မီးဖိုမီး၊ လျှပ်စစ်မီး၊ ဆေးလိပ်သောက်ခြင်း၊ ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊  မီးသတ်ဆေးဗူးများနှင့် ကြိုတင် ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်ဘုတ်များအား ချိတ်ဆွဲခြင်း၊  မီးသတ်လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များ ထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် တားဆီးရေးအတွက်  အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

သိန်းနုအောင်