လယ်ဝေးမြို့နယ်ရုံးတွင် Online ဝန်ဆောင်မှုများဆောင်ရွက်

လယ်ဝေး     ဩဂုတ် ၂၈

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လယ်ဝေးမြို့နယ် ရုံး အနေဖြင့် ပြည်သူများအား Online မှ စ်ဆင့်အသိပညာပေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ နံနက်()နာရီက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Showတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာဝင်း၊ ဆရာမ ဒေါ်သက်သက်နွယ်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်တို့က ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ပို့ဆောင်ရေး၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေး စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

လယ်ဝေးမြို့နယ်ရုံး အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများအား Online မှတစ်ဆင့် သတင်းအချက်အလက်များ မျှဝေခြင်း၊ ကလေးတို့အတွက် ပုံပြင်ပြောပြခြင်း၊ စက္ကူဖြင့်ပန်းပွင့်မျိုးစုံပုံဖော် ဖန်တီးခြင်း၊ အသိပညာပေး Talk Show များကို ထုတ်လွှင့်၍ ဝန်ဆောင်မှုပေးခြင်း၊ စာရေးဆရာကြီးများ၏ စာပေဘဝခရီး စသည့် အစီအစဉ်များအား ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)