တိုက်ကြီး ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုး ဆော်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးဌာနစိတ်မှ ဒုဦးစီးမှူး ဒေါ်ချယ်ရီလွင်၊ ဒုဦးစီး မှူး ဦးမင်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် တိုက်ကြီးမြို့မဈေး အတွင်း၊ အပြင်၊ ပျံကျဈေးတို့တွင် ဈေးရောင်းချနေသူများအား ပါးစပ်/နှာခေါင်းစည်း(Mask)များ၊ လက်အိတ်များတပ်ဆင်၍ ဈေးရောင်းချစေ ခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေခြင်း၊ ဈေးလာရောက်ဝယ်ယူသူများလည်း ပါးစပ်/နှာခေါင်းစည်း(Mask)များ၊ လက်အိတ် များတပ်ဆင်၍ ဝယ်ယူ ပေးကြပါရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)