ဗဟန်းမြို့နယ်၌ လူမှု​ရေးပင်စင်​ထောက်ပံ့​ပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

ရန်ကုန် မတ် 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက် ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသော လူမှု​ရေးပင်စင်​ထောက်ပံ့​ပေးခြင်းဆိုင်ရာ အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက် ပိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (ဗဟန်း) Community Centre ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့် တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၂) မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းမှ တာဝန်ရှိသူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောက အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းကြည်က လူမှု​ရေးပင်စင်​ ထောင်ပံ့ခြင်းစည်းမျဉ်းနှင့် စပ်လျဉ်း၍ နှိုး​ဆော်ချက်ဖြစ်သည့် နိုင်ငံ​တော်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ အဘိုး၊အဘွားတို့၏​ နေ့စဉ်လူ​နေမှုဘဝအား တစ်ဘက်တစ်လမ်းမှ အ​ထောက်အကူဖြစ်​စေရန်နှင့် အဘိုးအဘွားတို့အတွက်​ သေချာ​သော ပုံမှန်​မျှော်မှန်ဝင်ငွေရရှိ​စေရန်ရည်ရွယ်၍ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇_၂၀၁၈ ဘဏ္ဍာနှစ်မှစတင်​ ဆောင်ရွက်ခဲ့ပါ​ကြောင်း၊ ယခုအခါနိုင်ငံ​တော်အ​နေဖြင့် လူမှု​ရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်၏ အကျိုးကျေးဇူးများကို ဘိုးဘွားများအား ပိုမိုရရှိခံစားနိုင်စေရန် ရည်ရွယ်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာ​ရေးနှစ်၊​အောက်တိုဘာလမှ စတင်၍ လူမှု​ရေးပင်စင်အကျုံဝင်မှုအသက်အား အသက်(၈၅)နှစ်သို့​ လျှော့ချပြီး တစ်ဦးလျှင် တစ်လ ၁၀၀၀၀ ကျပ်နှုန်းဖြင့် () လတစ်ကြိမ်​ ထောက်ပံ့​ပေးလျက်ရှိပါ​ကြောင်း၊ အဘိုးအဘွားတို့၏ အသက်အ​ထောက်အထား၊ မှတ်ပုံတင်၊ အိမ်​ထောင်စုစာရင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ လမ်းညွှန်းချက်တို့ကို တင်ပြရမည်ဖြစ်​ကြောင်း၊ အသေးစိတ် ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍ သင်တန်းတက်ရောက်လာကြသော သင်တန်းသူသင်တန်းသားများက မိမိတို့သိရှိလိုသည့် သက်ကြီး ရွယ်အို များနှင့်ဆိုင်သော လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်မှု အ​ကြောင်းအရာများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားကြသည်။

အဆိုပါ သင်တန်းသို့ ဗဟန်းမြို့နယ် (၁၂) မြို့နယ်မှ သင်တန်းသူ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)