သံတွဲ မတ် ၂
ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက် တတ်သော အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲအဖြစ် အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ထိုင်ခုံလုပွဲများကို ယနေ့နံနက် ၈ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကလေးငယ်များအတွက် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျည်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ထိုင်ခုံလုပွဲများကိုများကို ကျင်းပပြုလုပ်ကြရာ မူလတန်းအထက်ဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးလာရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်၊ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်တို့က ဆုများချီးမြှင့်ပေးကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)