ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာ Covid Centre သို့ သွားရောက်၍ ပြည်သူများ၏ လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေး

ဒဂုံဆိပ်ကမ်း မတ် ၂

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၁၆၈) ရပ်ကွက်၊ ရိုးမရိပ်သာ Covid Centre သို့ ယနေ့နံနက် (၉) နာရီ (၂၃) မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု၍ ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ယခုအခါ အိုမီခရွန်ရောဂါ ကူးစက်မှုသည် မြင့်မားလာသဖြင့် ပြည်သူများ ကျန်းမာရေး ညွန်ကြားချက်နှင့်အညီ နေထိုင်ကြရန်၊ လူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ရိုးမရိပ်သာ Covid Centre တွင် ရေ၊ မီး စုံလင်စွာဖြင့် ပတ်၀န်းကျင်သန့်ရှင်းရေး၊ သောက်ရေလုံ လောက် စွာရရှိရေး၊ ပြည်သူများ လွယ်ကူစွာသွားလာနိုင်ရေး၊ အောက်ဆီဂျင်လိုအပ်ပါကလဲ လွယ်ကူစွာ အသုံပြုနိုင်ရန်အတွက် အောက်ဆီဂျင် ထုတ်လွတ်နိုင်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များရှိပါက ပြည်သူများအတွက် အမြန်ဆုံး ဖြည့်ဆီးပေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ရန်ကုန်မြို့တော်၀န် ဦးဘိုဌေး၊ စီးပွားရေး၀န်ကြီး ဦးအောင်သန်းဦး၊ လူမှုရေး၀န်ကြီး ဦးအောင်၀င်းသိန်း၊ တိုင်းကျန်းမာရေးဌာနမှ ဒုညွန်ချုပ် ဒေါက်တာထွန်းမင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထူးလွင်တို့ ရောက်ရှိပြီး ရိုးမရိပ်သာ ကိုဗစ် Centre အတွင်း လူနာများအတွက် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာ၀န်ရှိသူများမှ ကြိုဆို၍ Centre အတွင်း လှည့်လည်ပြသကာ ဝန်ကြီးချုပ်မှ ပြည်သူများအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားကာ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)