မိုင်းရှူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

မိုင်းရှူး မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်မြန်မာ့ စီးပွားရေးဘဏ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ အတွက် မိုင်းရှူးမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ရုံးဌာန/ ကျောင်းများအရောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ သုတ/ရသ၊ ဝတ္တု နှင့် မဂ္ဂဇင်းများကို ငှားရမ်းပေးကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များကို အပတ်စဉ် ရုံးဌာန/ ကျောင်းများအရောက် Mobile Library စနစ်ဖြင့် ငှား ရမ်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)