မောင်တော မတ် ၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဆဋ္ဌမ အသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူ များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ဆဋ္ဌမအသုတ် (ဒုတိယ)အကြိမ်အဖြစ် နိုင်ငံ့ဝန်ထမ်း ၁၀ ဦး၊ အခြား ဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၂၈ ဦး၊ မှီခို ၂၂ ဦး၊ NGO ဝန်ထမ်း ၂ ဦး စုစုပေါင်း ၆၂ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဆဋ္ဌမ အသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးစီးသူ ၃၈၃၄ ဦးအား ထိုးနှံပေးခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)