မိတ္ထီလာ မတ် ၁
မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၅၁၉၉ ဦး ဝင်ရောက်ဖြေဆိုရန် လျောက်လွှာ(ဖောင်)တင်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်ရန် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လက်ရှိ တက်ရောက်နေသော ကျောင်းသား/ကျောင်းသူ ၂၂၉၂ ဦးနှင့် ပြင်ပမှ ဖြေဆိုမည့်ကျောင်းသားကျောင်းသူ ၂၉၀၇ ဦးတို့က လျောက်လွှာ(ဖောင်)များ တင်ထားကြောင်း သိရသည်။ မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁၂ ခုဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)