ဂွမြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးရွာများတွင် သဘာ၀ဘေးအန္တရာယ် လျော့နည်းစေရေး အထောက်အကူပြု ပညာပေးခြင်းများ ဆောင်ရွက်

ဂွ   ဖေဖော်ဝါရီ  ၂၈

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း (PHF)နှင့် ဂျပန်နိုင်ငံ အခြေစိူက် BHN Association အဖွဲ့မှ ဂွမြို့နယ်အတွင်းရှိ စာသင် ကျောင်းများနှင့် ကျေးရွာများတွင် သဘာ၀ဘေးအန္တရာယ် လျော့နည်းစေရေး အထောက်အကူပြုပညာပေးခြင်းနှင့် ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာတိုးတက်ရေး စီမံချက်အရ သင်ကြားရေးနှင့် ဆက်သွယ်ရေး အထောက်အကူပြု စနစ်များ (Learning and  Communication Assist System )များတပ်ဆင်ခြင်း၊ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာပေး မြှင့်တင်မှုလုပ်ငန်း အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်း၊ လက်တွေ့ သင်တန်းပို့ချခြင်း၊ ကျန်းမာရေး အသိပညာပေး အထောက်အကူပြု ပစ္စည်းများပေးအပ် ဖြန့်ဝေခြင်းများကို ဖေဖော်ဝါရီ(၁၈)ရက်နေ့က အ.ထ.က (ရဟိုင်ကူးတို့) ကျောင်းတွင်လည်းကောင်း၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့က အ.မ.က(ပုန်းညှက်)ကျောင်းတွင်လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က အ.ထ.က(ခွဲ)(တိုင်ကျိုး)ကျောင်းတွင် လည်းကောင်း၊ ဖေဖော်ဝါရီ လ(၂၄)ရက်နေ့က အ.လ.က(ခွဲ) ဒိုးတန်းကြီး ကျောင်းတွင်လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့က အ.ထ.က စေတီကွင်း ကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်