ချောင်းဆုံ၌ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

ချောင်းဆုံ ဖေဖော်ဝါရီ ၂၈

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်ခရိုင် ချောင်းဆုံအနောက်ရပ်ကွက် မရမ်းကျောင်း တိုက်တွင် ဆွမ်းဆန်တော် လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ဆရာတော်သံဃာတော်အပါး(၁၄)ပါး အတွက် ဆန်(၂၄)ပြည်အိတ်(၈) အိတ်၊ ကျန်းမာရေးဆေးခြင်း(၁)ခြင်းနှင့် အလှူငွေ(၅)သောင်းကျပ်တို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မိသားစုဝင်များဖြစ်ကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးတို့က မရမ်းကျောင်းဆရာတော်ထံ ဆက်ကပ်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)