တပ်ကုန်း ဖေဖော်ဝါရီ ၂၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဉတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်များ ကျေပွန်စွာဆောင်ရွက်နိုင်ရန် စွမ်းဆောင် ရည်မြင့်မားရေးသင်တန်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကံ့ကော်စာသင်ဆောင်တွင် ကျင်းပသည်။
သင်တန်းတွင် မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်)လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆန်းက အမှာစကားပြောကြားပြီး၊ ဒု/ပညာရေးမှူး ဦးဝေလင်းအောင်၊ ဦးမျိုးအောင်၊ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုမီလှိုင်၊ ဒေါ်စန်းနွဲ့ကြည်နှင့် အလယ်တန်း ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်၊ ဦးသစ်နိုင်စိုးတို့က သင်တန်းသား၊ သင်တန်းသူ ထက်၊ လယ်၊ မူကျောင်းအုပ် တာဝန်ခံ ဆရာကြီး၊ဆရာမကြီး စုစုပေါင်း(၁၆၇)ဦးအား အဖွဲ့နှစ်ဖွဲ့ခွဲ၍ စီ/ဖြတ်၊ စာရင်းအင်း၊ ဘဏ္ဍာရေးဘာသာရပ်များကို ပရိုဂျက်တာဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်