ရေး ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်မီးသတ် ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများက ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ရေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်မှ မြို့နယ်အင်ဂျင်နီယာမှူးနှင့် ဝန်ထမ်းများအား မီးလောင်မှု ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများ၊ မီးများကို မပေါ့ဆကြရန်၊ မီးသတိပြုရန်၊ မီးသတ်ဆေးဘူး အသုံပြုရမည့်နည်လမ်းများ အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ရုံးဝင်းအတွင်း၌ မီးသတ်ဦးစီးမှူးနှင့် မီးသတ်အဖွဲ့များမှ ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်နည်းများ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)