ကျိုက်မရောမြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသည့် မိသားစုများအဆင်ပြေ

ကျိုက်မရော  ဖေဖော်ဝါရီ ၂၇


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာတွင် တောင်သူများရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် ယခုကာလအတွင်း နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သီးနှံမျိုးစုံစိုက်ပျိုးရာတွင် မြေဧက(၃)ဧကပေါ်၌ မီးဖိုးချောင်သုံးသီးနှံများဖြစ်သည့် ငရုတ်၊ ပိန်းဥ၊ ချဉ်ပေါင်ရွက်၊ ကန်ဇွန်းရွက်၊ နံနံပင်၊ ရုံးပတီသီးစသည့် အသီးအရွက်များအား စုံလင်အောင် စနစ်တကျ စိုက်ပျိုးထားရှိပြီး စိုက်ပျိူးသည့်အခါတွင်လည်း ဓာတုဓာတ် ကင်းလွတ်စေရန် Superဘိုကာရှီ၊ EMဘိုကာရှီ၊ သဘာဝနွားချေးမြေဆွေးမြေသြဇာ၊ တို့ကို ကိုယ်တိုင်စနစ်တကျ ပြုလုပ်ထားပြီး ဘိန်းဗျောတူးမြောင်းမှ ရေသွယ်ကာရေပေးရပြီး စားသုံးသူများ အန္တရာယ်မရှိစေအောင် ဟင်းသီးဟင်းရွက်မျိုးစုံတိုကို စိုက်ပျိူးရောင်းချ​ကြောင်း တောင်သူဦးကျော်ကျော်က ပြောသည်။
ဟင်းသီးဟင်းရွက်များကို ရောင်းချရာတွင် မိမိတို့မြို့မစျေးကြီးအမှတ်၃ စျေးနှင့် မော်လမြိုင် မြို့ရှိ မြိုင်သာယာစျေးသိုလည်း ဖောက်သည်ပေးရသည့်အပြင် ရပ်ကွက်များအတွင်း ဆိုင်ကယ်ဘေးတွဲဖြင့် လှည်လည်ရောင်းချကြသည့် မိုဘိုင်းစျေးသည်များကိုလည်း အမြတ် အစွန်းရစေရန် ပေါက်စျေးထက် အနည်းငယ်လျော့ပေးပြီး ဖောက်သည်ပေးရကြောင်း နေ့စဉ် ဝင်ငွေရရှိသည့်အတွက် ယခုလို ကိုဗစ်- ၁၉ရောဂါ ကာလအတွင်း မိသားစုများ ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ် ထွေး(ကျိုက်မရော)