တက္ကသိုလ်၀င် စာမေးပွဲ အောင်ချက်မြင့်မားရေး (မြိုနယ်အဆင့်) ဘာသာရပ်ဆွေးနွေးပွဲများ ပြုလုပ်

သထုံ ဖေဖော်ဝါရီ    ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ  အောင်ချက်မြင့်မားရေး (မြို့နယ်အဆင့်) ဘာသာရပ် ဆွေးနွေးပွဲကို ယမန်နေ့နံနက်က အထက(၂) သထုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် Grade-11 အဆင့် (သင်ရိုးဟောင်း) အထောက်အကူပြု မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၀င်နှင့် သမိုင်းဘာသာရပ်တို့ကို နည်းပြ ဆရာ၊ ဆရာမ(၃၆)ဦးတို့က သထုံမြို့နယ်အတွင်းရှိ ဘာသာရပ်သင်ဆရာ၊ ဆရာမ (၇၀) ဦး တို့အား အခန်း(၇)ခန်းခွဲ၍ သင်ပြဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ကိုကိုဦး (ပြန်/ဆက်)