မိုးနဲမြို့၌ တစ်နိုင်တစ်ပိုင် ဖရဲသီးဖောက်သည်ရောင်းချသူများ နေ့စဉ်မိသားစုအပို ဝင်ငွေရရှိ

မိုးနဲ  ဖေဖော်ဝါရီ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ဖရဲသီးစိုက်ခင်းများမှ တစ်ဆင့်ပြန်လည်  ဖောက်သည်ယူကာ လွိုင်မြေရပ် ကွက်ရှိ ယာယီဈေးတွင် ဖောက်သည်ဈေးနှင့်ပြန်လည် ရောင်းချလျက် ရှိသူများ နေ့စဉ်မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖရဲသီးကို လင်းခေးမြို့ ဖရဲစိုက်ပျိုးရောင်းချကြသည့် တောင်သူများထံမှ  တစ်လုံးလျင်ကျပ် ၂၇၀၀ ဖြင့် ဖောက်သည် ဈေးယူကာ မိုးနဲမြို့ယာယီဈေးတွင် တစ်လုံးလျှင် ကျပ် ၃၅၀၀ ဖြင့် ပြန်လည် ရောင်းချလျက်ရှိရာ နေ့စဉ်တစ်နေ့လျှင် အမြတ်ငွေ ကျပ် ၅၀၀၀ နှင့် အထက်ရရှိ၍ မိသားစုအပိုဝင်ငွေ ရရှိကြောင်းရောင်းချကြရာတွင် တဆင့်ရောင်းချကြသူများနှင့် လင်း‌ခေးမြို့မှ တိုက်ရိုက် လာရောက် ရောင်းချကြသူများလည်းရှိကြောင်း မိုးနဲမြို့မဈေးကြီးနေ့တွင် ရောင်းချရာတွင် ပိုမိုရောင်းချရကာ အမြတ်ငွေကျပ် ၁၀၀၀၀ ထိရရှိကြောင်း ဖရဲသီးဖောက်သည်ဈေး ရောင်းချနေသည့် မခင်ဝင်း ၏‌ ပြောကြားချက် အရ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)