ကူမဲမြို့၌ ဓါတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ထရန်စဖော်မာ ဖြင့် ဝန်အားမျှကူခြင်း လုပ်ငန်းဆောင်ရွက်ပြီးဖြစ်

မြစ်သား ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် ဓါတ်အားသုံးစွဲသူပိုမိုများ ပြားလာရာ ဓါတ်အား ဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် ဓါတ်အားတိုးမြှင့်တပ်ဆင်ရန် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ထရန် စဖော်မာဖြင့် ဝန်အားမျှ ကူခြင်းလုပ်ငန်းကို ကူမဲမြို့လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ ဖေဖော်ဝါရီ (၂၄) ရက်က  စတင်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မန္တလေးလျှပ်စစ် ဓါတ်အားပေး ကော်ပိုရေးရှင်း၊ ကူမဲမြို့လျှပ်စစ်မန်နေဂျာရုံးက ဌာနမှာ ထားရှိသည့် အရန်ပစ္စည်းများနှင့် သာမန်အသုံးစရိတ်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကူမဲမြို့ အတွင်း ဓာတ်အားသုံးစွဲသူ ပိုမိုများပြားလာရာ  ဓါတ်အားဖြန့်ဖြူးထားသော ၃၃/၁၁ ကေဗွီ(၁၀) အမ်ဗွီအေ ကူမဲဓာတ်အားခွဲရုံမှာ ဝန်အားအပြည့် ဖြစ်ပေါ်နေသည့်အတွက် ဓါတ်အားလုံလောက်စွာသုံးစွဲနိုင်ရန်  ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ ထရန်စဖော်မာဖြင့် ဝန်အားမျှကူခြင်း လုပ်ငန်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ကူမဲမြို့အတွင်း ဓါတ်အားကောင်းမွန်စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ် ပါကြောင်း ကူမဲမြို့လျှပ်စစ်မန်နေဂျာ ပြောကြားချက်အရ သိရသည်။

ကူမဲမြို့အတွင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာစုစုပေါင်း (၁၁၅) ရွာရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၁၁၁) ရွာအား ဓါတ်အားဖြန့်ဖြူးပေးထားပြီး ကျေးရွာ(၄)ရွာအား NEP Phase-2ဖြင့် လုပ်ငန်းများ စတင်နေပြီး ၎င်းကျေးရွာများ လုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကူမဲတစ်မြို့နယ်လုံး ၁၀၀ ရာခိုင်နှုန်း မီးလင်းတော့မည်ဖြစ်ကြောင်း သိရသည်။

မြမြမွန် (မြစ်သား)