ကျောက်ဆည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ပြည်သူ (၁၈၅၇၈) ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် လုပ်ငန်းများ လျှင်မြန်စွာပြီးစီးရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လက်ပန်ဇင်၊ အင်းကုန်း၊ ဖျောက်ဆိပ်ပင်၊ ရေသရောက်၊ ချောင်းဆုံ၊ လေးဆယ်ကုန်း၊ ဆည်ရွာ၊ ကတက်ကုန်း၊ ကုလ၊ မုန်တိုင် ကျေးရွာများသို့ ကွင်းဆင်းပြီး နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု(၉၇)စု၊ ကျေးရွာပေါင်း(၂၁၇)ရွာရှိပြီး နိုင်ငံသား စိစစ်ရေးကတ် မရှိသူများအား ပြုလုပ် ပေးရာတွင် အသက်(၁၆)နှစ်နှင့်အသက်(၁၈)နှစ်အတွင်း ပြည်သူ (၂၆၃၂) ဦး၊ အသက်(၁၈)နှစ်အထက်ပြည်သူ (၁၅၉၄၆) ဦး စုစုပေါင်း (၁၈၅၇၈)ဦး ပြုလုပ်ပေးပြီးကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)