ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၌ အိမ်ထောင်စု(၁၀၈၅)စုအကျိုးပြုမည့် အမှတ်(၁၃)လမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည် ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စုကြီးရပ်ကွက်၌ အိမ်ထောင်စု(၃၀၃)စုအကျိုးပြုမည့် သိပ္ပံလမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၃.၁၆၉) သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးရေးအရှည်(၂၇၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရှိရကာ ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် စုကြီးရပ်ကွက် အတွင်းမှ အိမ်ထောင်စု (၃၀၃)စု၊ လူဦးရေ(၁၄၅၉)ဦး ဖြတ်သန်းသွားလာရာတွင် လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင် မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရ သည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြိုတွင်းလမ်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ ပန်းအလှ ပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုးပေးခြင်း၊ လမ်းဘေးဝဲ/ယာများရှိ အမှိုက် များ၊ ပေါင်းမြက်များ သန့်ရှင်းပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ရေနှုတ်မြောင်းများ သန့်ရှင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်