လွိုင်လင်မြို၌ မြို့မဈေးကြီးတွင် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

လွိုင်လင် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်စေရန် ပြည်သူများနှင့် မြို့မဈေးကြီးအတွင်း ဈေးရောင်း ဈေးဝယ်များမှ သတ်မှတ်စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိကို အသိပညာပေးခြင်း၊ ကြပ်မှတ် စစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၇ နာရီက ခရိုင်စီမံအုပိချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက  ကွင်းဆင်းစစ်ဆေးသည်။

ထိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် အချို့သောမြို့နယ်များတွင် နေ့စဉ်ကူးစက်မှုများ မြင့်တက်နေသဖြင့် မိမိတို့မြို့နယ် အတွင်း ကူးစက်မှုများ ပိုမိုများပြားမှု မရှိစေရန်  လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများက ရောဂါကာကွယ်ရေး နည်းလမ်းများ စည်းကမ်းများဖြစ်သည့် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်း၊ တစ်းဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ မကြာခဏလက်ဆေးခြင်းများကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်း သတိပေးခြင်း၊ ကြပ်မတ် စစ်ဆေးခြင်းများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးမြတ်ခန့်အေးနှင့် ဝန်ထမ်းများလိုက်ပါ၍ စစ်ဆေးကြကြောင်း သိရသည်။

လွိုင်လင်မိုး