မြစ်သား ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြစ်သားမြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းပြီးရှေးဦး သူနာ ပြုစုခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီက လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး အောင်ရဲကျော်က အဆစ်၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရရှိသည့်အခါတွင် ကြွက်သားများ မျက်သွားခြင်းနှင့် ကြွက်သားများ စုတ်ပြဲသွားခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း၊ ၎င်းတို့မှ ကြွက်သားများမျက်သွားခြင်း၏ လက္ခဏာနှင့် ပြုစုခြင်းများ၊ ရိုးဆက်ကြောထိခိုက်ဒဏ်ရာရခြင်း လက္ခဏာများနှင့် ပြုစုခြင်းများ၊ အဆစ်လွဲခြင်းမှ မကြာခဏပြုတ်တတ်သော ပခုံးဆစ်၊ လက်မဆစ်၊ လက်ချောင်းဆစ်ကလေးများ၊ မေးရိုးဆစ် (သန်းခြင်း၊ အထိုးခံရခြင်းတို့ကြောင့်ဖြစ်တတ်ခြင်း)၊ တစ်တောင်ဆစ်နှင့် လက်ကောက် ဝတ်ဆစ်၊ ပေါင်ဆစ်တို့ဖြစ်ပြီး ရိုးဆက်ကြောထိခိုက်ဒဏ်ရာရခြင်း ပြုစုနည်းများနှင့် လက္ခဏာများ ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြမွန် (မြစ်သား)