မြောက်ဦးမြို့၌ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask  Campaign ပြုလုပ်

မြောက်ဦး  ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ လူစည်ကား ရာနေရာများရှိ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြို့ပေါ်ရပ်ကွက်နေမိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) များမဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာ ပေး ခြင်း၊နှာခေါင်းစည်း (Mask)များစနစ်တကျတပ်ဆင်စေခြင်များ အလေးထားလိုက်နာကြရန်ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက် ဈေးရောင်းဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများ၊ အငှားယာဉ် မောင်း၊ သုံးဘီး ဆိုင်ကယ်မောင်းနှင်သူများ၊ထွေလာဂျီမောင်းနှင်သူများနှင့် ခရီးသွားပြည်သူများ ကို နှာခေါင်းစည်း Mask တတ်ဆင်သွားလာစေခြင်းများ၊ နှာခေါင်းစည်း(Mask) မပါရှိ သူများအား  နှာခေါင်းစည်း Mask Campaing ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)