ကျောက်ဆည်မြို့နယ်၌ ဆောင်းကုလားပဲသီးနှံ လျာထားဧကထက်(၁၅၄၅)ဧက ပိုမိုစိုက်ပျိုး

ကျောက်ဆည် ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းကုလားပဲသီးနှံ စိုက်ဧက (၂၉၅၇၃)စိုက်ပျိုးရန်လျာထားခဲ့ရာ (၃၁၁၁၈)ဧက စိုက်ပျိုးခဲ့သဖြင့် လျာထားဧကထက် (၁၅၄၅)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းကုလားပဲများကို တိုက်နယ်()တွင်(၁၈၉၅)ဧက၊ တိုက်နယ်()တွင်(၂၀၀၃)ဧက၊ တိုက်နယ် ()တွင် (၃၆၃၉)ဧက၊ တိုက်နယ်()တွင်(၁၇၂၆)ဧက၊ တိုက်နယ်()တွင်(၂၄၃၁)ဧက၊ တိုက်နယ်() တွင် (၁၆၆၈)ဧက၊ တိုက်နယ်()တွင်(၄၃၀၇)ဧက၊ တိုက်နယ်()တွင်(၂၇၃၈)ဧက၊ တိုက်နယ်(၁၀)တွင် (၂၈၈၆)ဧက၊ တိုက်နယ်(၁၁)တွင် (၂၄၆၁)ဧက၊ တိုက်နယ်(၁၂)တွင်(၃၈၁၉)ဧက၊ စုစုပေါင်း (၂၉၅၇၃)ဧက စိုက်ပျိုးရန် လျာထားခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းကုလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့်အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)