မုဒုံမြို့နယ် ထုံမံကျေးရွာတွင် လယ်ယာကုန်ထုတ်တံတား တည်ဆောက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မုဒုံ     ဖေဖော်ဝါရီ     ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ် ထုံမံကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လယ်ယာကုန်ထုတ်တံတား တည်ဆောက်နေမှုအခြေအနေကို  ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့သည်။ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် တည်​ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေ

သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး၊ ခိုင်ခံ့မှု၊ ရေရှည် တည်တံ့မှု၊ သတ်မှတ်ထားသော ကာလအတွင်း အချိန်မီပြီးစီအောင် စနစ်တကျဆောင်ရွက်မှု စသည့်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို စစ်ဆေးရာ ဆောက်လုပ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများတို့က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးသည်။ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ၏​ဒေသထွက်ကုန် ပစ္စည်းများကိုစျေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် အဆိုပါ လယ်ယာကုန်ထုတ် တံတားကို ၂၀၂၁-၂၀၂၂ ခု ()လ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေကျပ် သန်း ၂၀ ဒသမ ၇၉ ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီမှ တံတားအရှည် ၁၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၇ ပေဖြင့် တည်ဆောက်လျက်ရှိရာ ၆၀ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌနမှ သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)