ညောင်ရွှေ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ၂၀၂၂-ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန (၁၁) ခုမှ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ပေါင်း(၁၇၈၇)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရ သည်။
ညောင်ရွှေမြို့နယ်တွင် အ-ထ-က(၁) စာစစ်ဌာန၌ (၂၂၁)ဦး၊ အ-ထ-က(၂) စာစစ်ဌာန၌ (၆၉)ဦး၊ အ-ထ-က သပြေကုန်း စာစစ် ဌာန၌ (၇၈)ဦး၊ အ-ထ-က ခေါင်တိုင် စာစစ်ဌာန၌ (၈၆)ဦး၊ အ-ထ-က စံကား စာစစ်ဌာန၌ (၅၅)ဦး၊ အ-ထ-က ဘုရားတောင်ရေဆိပ် စာစစ်ဌာန၌ (၂၄၂)ဦး၊ အ-ထ-က အင်းပေါခုံ စာစစ်ဌာန၌ (၂၂၇)ဦး၊ အ-ထ-က မင်းချောင်းစာ စစ်ဌာန၌ (၂၇၅)ဦး၊ အ-ထ-က မိုင်း သောက် စာစစ်ဌာန၌ (၁၆၅)ဦး၊ အ-ထ-က ဟဲယာရွာမ စာစစ်ဌာန၌ (၂၄၁)ဦး၊ အ-ထ-က အင်းယား စာစစ်ဌာန၌ (၁၂၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၇၈၇)ဦး ရှိကြောင်းသိရှိသည်။
စိုင်းအယ်ဘဲ