ဗန်းမော်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ဗန်းမော် ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗန်းမော်ခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်သော်လည်း ကော်မတီဝင်အချို့က ပင်စင်ယူ သွားခြင်း၊ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်းများရှိနေသဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်ဥမ္မာဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍  ဆွေးနွေးခဲ့ကြပြီး ခရိုင်ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌက ကလေးသူငယ် အခွင့်အရေးများဖြစ်သော အသက်ရှင်သန် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင် ဆက်ဆံခွင့် ရရှိရေးတို့အပြင် အသက်ရှင်သန်ရန် မွေးရာပါအခွင့်အရေးများရှိကြောင်း၊ ကလေး သူငယ်၏ အကောင်းဆုံး အကျိုးစီးပွားများ ခံစားခွင့်ရှိကြောင်း စသည့်ဥပဒေပါအချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မိမိတို့ ကော်မတီမဝင်များမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)