ချီဖွေ ဖေဖော်ဝါရီ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇာပြောင်း Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၇နာရီခွဲတွင် လူစည်ကားသည့်ဈေးနှင့် ခရီးသွားများထံ နှာခေါင်းစည်း(Mask Campaign) ပြုလုပ်ခြင်းနှင့်အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးဝင်းဇော်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နိုင်တင်အေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇောင်းရယ် ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဂွါဇာလေးနှင့် ဌာနဆိုင် ရာများမှ ဝန်ထမ်းများ ပူးပေါင်း၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ မျိုးရိုးဇီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကူးစက်သူများရှိ နေပြီးဖြစ်၍ ဒေသခံမိဘပြည်သူများ၊ ဈေးရောင်း/ဈေးဝယ်သည့်ပြည်သူများ၊ ခရီးသွားပြည်သူများ အား နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask)များ စနစ်တစ်ကျ ပြန်လည် တပ်ဆင်သွား လာသည့် အလေ့အကျင့် ကောင်းများ ပြုလုပ်ပေးရန်အသိပညာပေးခြင်း၊ စည်းကမ်းချက်များ နှင့် အညီလိုက်နာဆောင်ရွက်စေဖို့ ပြည်သူများအား Mask အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဇင်မာဝင်း(မြို့နယ်/ပြန်ဆက်)