ကျောက်မဲမြို့ရှိ "အာယုသုခ" အောက်ဆီဂျင်စက်ရုံအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

ကျောက်မဲ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေရွာအုပ်စု၊ တောင်နောက်ကျေးရွာ၊ သက်ကြီးဘိုးဘွား စောင့်ရှောက်ရေး ဝင်းအတွင်း၌ တည်ဆောက်ထားရှိသည့် "အာယုသုခ" အောက်ဆီဂျင်စက်ရုံ Oxygen Plant  လည်ပတ်နေမှုအား ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  ယနေ့ နေ့လယ် ၁၂ နာရီ အချိန်က သွားရောက်ကြည့်ရှု စစ်‌ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ကျောက်မဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ များပြားသဖြင့် အောက်ဆီဂျင် လိုအပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ယခု နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲ အိုမီခရွန် ဖြစ်ပွားနေသည့်ကာလတွင် ကျောက်မဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကဲ့သို့ အောက်ဆီဂျင်ပြတ်လပ်မှုများ မရှိစေရေးအတွက် အဆိုပါ အာယုသုခ အောက်ဆီဂျင်စက်ရုံ  ‌‌Oxygen plant မှ အောက်ဆီဂျင် ထုတ်လုပ်လည်ပတ်မှု အခြေအနေများ၊ အောက်ဆီဂျင်အိုး စုဆောင်းထားရှိမှု အခြေအနေမျာကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါလူနာများနှင့် အခြား နာမကျန်းဖြစ်သည့် လူနာများအတွက် ရည်ရွယ်၍  မြို့နယ်အတွင်းရှိ အလှူရှင်များက စုပေါင်းကာ အဆိုပါ "အာယုသုခ" အောက်ဆီဂျင်စက်ရုံကို ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၈ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ  စက်ရုံမှ တစ်‌နေ့လျင် ၄၀ လီတာဆန့်အောက်ဆီဂျင်အိုး ၆၅ လုံးခန့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယင်းစက်ရုံမှ ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး ၁၄၀ လုံးခန့်ကို အရန်အိုးအဖြစ် စုဆောင်းထားရှိကြောင်း မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

မိုင်းထွန်း