နမ့်စန်မြို့ မီးသွေးကုန်းကျေးရွာတွင် ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသူ ၇၆ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

နမ့်စန်() ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် နာရီတွင် ဝမ်ပုံကျေးရွာ အုပ်စု၊ မီးသွေးကုန်းကျေးရွာ၊ ‘ပြည့်’ အဆင့်မြင့်တည်းခိုခန်းရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် သွားလာနေကြသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း ရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း၊ ကာကွယ်ဆေး ထိုးပြီးစီးကြောင်း လက်မှတ်များ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာရေး အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးလုံးဝ မထိုးရသေးသူ စုစုပေါင်း (၇၆) ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်