နမ့်ဆန် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်နှင့်မန်တုံမြို့နယ်ဝါးအခြေခံထုတ် ကုန်များ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး ပြုစုထိန်းသိမ်းခြင်း၊ ဘဏ်လုပ်ငန်းနှင့် ချေးငွေဆိုင်ရာသတင်း အချက်အလက်များမျှဝေခြင်း၊ နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်က သင်တန်း တက်ရောက်ပြီးသော သင်တန်းသူ/သင်တန်းသားများအား မိမိတို့ဒေသတို့ ပြန်လည်ရောက်ရှိပါက မိမိတို့လက်တွေ့ သင်ယူခဲ့သည့် ဝါးအခြေခံထုတ်ကုန်များကို လက်တွေ့အသုံးချရန်နှင့် မိမိဒေသရှိပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများစေရန် ထပ်မံ၍ သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသေးစားစက်မှုလက်မှု ဦးစီးဌာန နည်းပြအရာရှိ ဦးစိုးဝင်းမောင်မှ သင်တန်းပို့ချမှုအပေါ် အတွေ့အကြုံ များအား ရှင်းလင်း ပြောကြားပြီး ဝါးအခြေခံထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးသင်တန်းတွင် ထူးချွန်ဆု ရရှိသူများကို ဆုများချီးမြှင့်ပေးပြီး သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ဝါးအခြေခံထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သင်တန်း တက်ရောက်သူများမှ သင်တန်းသား (၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)