မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်က စာပေချစ်မြတ်နိုးသူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်များရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှား၊အမှန်ကို ကိုယ်တိုင်ဝေဖန် ပိုင်းခြားနိုင်ခြင်း စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော် က စာရေးဆရာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) ရေးသားသည့် "စိတ်နှလုံး အေးချမ်းပါစေ" စာအုပ်မှ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်းအရာ များကို ပြောကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျဉ်းချုပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)