မိုင်းပျဉ်းမြို့တွင် မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ Door to Door စနစ်ဖြင့် စိစစ်ဆောင်ရွက်ပေး

မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့မှစ၍ ပိန်းဆန်းရပ်ကွက် အတွင်းရှိ ပြည်သူများအား မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရန် ကျန်ရှိနေသူများနှင့် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဖြည့်စွက်ရန် ကျန်ရှိနေသူများကို Door to Door စနစ်ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မိုင်းပျဉ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေနှင့် အဖွဲ့ဝင်(၃)ဦး၊ ပိန်းဆန်းရပ်ကွက် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးတာလိတေနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးစာရေး ဒေါ်သန္တာထွေး စသည့် အဖွဲ့ဝင်များသည် (၂၅.၂.၂၀၂၂)ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရန် ကျန်ရှိနေသူများနှင့် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွက်လပ် ဖြစ်နေသူများကိုလည်း မိုးပွင့်စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်