ကျောက်ဆည် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေ းဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် '' သားသမီးကို ပေးချင်သောအမွေ'' စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီ က ခရိုင်ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝို်ငး ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝါသနာပါသူများ၊ စာပေကို ချစ်မြတ်နိုးသူများ၊ စာဖတ်ပရိသတ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေရန်၊ မိတ်ဆွေ အပေါင်းအသင်း များတိုးပွားစေရန်၊ တစ်ဦး၏အတွေးအခေါ်နှင့် အခြားတစ်ဦး၏ အတွေးအခေါ်များကို အပြန်အလှန် ဆွေးနွေးနိုင်စေရန်၊ အတွေးအခေါ်သစ်များ ရရှိစေရန်ရည် ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် သားသမီးကို ပေးချင်သော အမွေစာအုပ်မှ မျိုးရိုးဗီဇအမွေ၊ ကလေးအရွယ်မှ ပေးရသည့်အမွေ၊ လက်ဦးဆရာအနေနဲ့ ပေးရသောအမွေစသည့် အကြောင်းရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ငယ်ဘဝမှ မိဘအမွေ၊ ပုံပြင်ပေးသောအမွေ၊ ခံစားမှု အနုပညာအမွေ၊ သားသမီးပေးချင်သော အမွေစသည့် စာအုပ်ပါအကြောင်းအရာမျာကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်သူများမှ သိရှိလိုသည်ကို အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
တင်တင်ထွေး