မြေပုံ ဖေဖော်ဝါရီ ၂၅
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron)ပိုးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မား လာခြင်းကြောင့် မြေပုံမြို့တွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်း နှင့် Mask များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း က မြေပုံမြို့ မြို့မဈေး၊ ရွာသစ်ကေရပ်ကွက်ရှိ ရွာသစ်ကေဈေးနှင့် လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများ တွင် ပြုလုပ်ဆောင် ရွက်ကြ ကြောင်းသိရသည်။
အဆိုပါ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို မြေပုံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ကြီးကြပ်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပူး ပေါင်း၍ ဈေးအရောင်းအဝယ် သွားလာနေကြသည့် ပြည်သူများနှင့် လမ်းမပေါ်သွား လာနေသည့် ပြည်သူများကို နှာခေါင်းစည်း (Mask) ၁၀၀၀ ခု အခမဲ့ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)