တာချီလိတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာသည့် (၁၂)ဘီး မော်တော်ယာဉ်တစ်စီး ယနေ့နံနက် (၆)နာရီခန့်က ဘရိတ်ရှူးကပ်ပြီး အပူလွန်ကဲရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုကျေးရွာအနီး ဝမ်ပုံကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ ယာဉ်မောင်း မိုးကျော် မောင်းနှင်လာသော ၁၂ ဘီးယာဉ်သည် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာစဉ် ယာဉ်၏ဘယ်ဘက်ဘီး ဘရိတ်ရှူးကပ်ပြီး ကားတာယာများ အပူချိန်လွန်ကဲရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကားမီးလောင်မှုကို တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးဇင်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးက မီးသတ်ယာဉ်(၂)စီးနှင့် ရေသယ်ယာဉ်(၁)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း မိုးကျော်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)