မိုင်းတုံ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဌေးဒမ်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်၊ထိန်းချုပ်ရေးအတွက် မြို့ပေါ်ရှိ ဈေးရောင်းဈေးဝယ်များကို ဈေးဆိုင်များတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စနစ်ဖြင့် ယနေ့နံနက် ၈:၃ဝ အချိန်က ဈေးသည်များ ပုံမှန်ရောင်းချနိုင်ရေးနှင့် နှာခေါင်းစည်း Mask တပ်ဆင်ရောင်းချခြင်း မရှိသူများနှင့် ဝယ်ယူသူများကို အသိပညာပေးပြီး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ တပ်ဆင်ရောင်းချခြင်းအပြင် ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရန်၊ ဆေးဝါးများ ဝယ်ယူမှီဝဲနိုင်ရန် ဈေးဆိုင်တိုင်းတွင် ကုန်ဈေးနှုန်းများ တက်မရောင်းရန်နှင့် ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေး၊ အမြတ်ကြီးတင် မရောင်းချရေးတို့ပါ အသိပေးခြင်း၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာလမှာ ဒေသခံပြည်သူတွေ ဒုက္ခဆင်းရဲနှင့် ကြုံတွေ့နေချိန်မှာ ဈေးရောင်းသူကလည်း အတတ်နိုင်ဆုံး တစ်ဘက်ထဲကိုပဲ မကြည့်ဘဲ နှစ်ဖက်မျှကြည့်ပြီး ရောင်းချပေးရန် မှာကြားခဲ့ခြင်း၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တတ်စေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့် နေရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အထရှိစေရန်၊ နေအိမ်အပြင်သို့ မဖြစ်မနေ သွားလာရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာစေရန် အသိပညာပေးသည့် အချိန်မှ နှာခေါင်းစည်း Mask ကို ထုတ်ယူပြီး တပ်ဆင်တာမျိုးမလုပ်ပဲ မိမိကိုယ်တိုင် ကျန်းမာရေး အသိ၊ သတိဖြင့် တပ်ဆင်နေထိုင်တတ်ခြင်းသည်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်တာဖြစ်ပါကြောင်းတို့ကို မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဌေးဒမ်က အသိပညာပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်