ညောင်ဦး ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု နဂါးကျစ်ဘိုးဘွားရိပ်သာနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ရက်၊ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ထောက်ပံ့ငွေပေးအပ်ခဲ့ ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၊ အသိအမှတ်ပြု နဂါးကျစ် ဘိုးဘွားရိပ်သာ(ဒုတိယအဆင့်)အတွက် ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊မှ ဆန်ဘိုး ထောက်ပံ့ငွေ(၅၄၀၀၀၀)ကျပ်၊ စားစရိတ်ထောက်ပံ့ငွေ(၇၃၀၀၀၀)ကျပ်၊ ဝတ်စုံစရိတ် (၂၀၀၀၀၀) ကျပ်အား နံနက်ပိုင်း ၉နာရီအချိန်က နဂါးကျစ်ဘိုးဘွားရိပ်သာတွင်ပေးအပ်ခဲ့ပြီး၊ နေ့ခင်း ၂နာရီခွဲအချိန် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန(ရုံး)တွင် တောင်ဘကိုယ် အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွက် (၃၂၀၀၀၀)ကျပ်၊ ကျောက်ပြင်ကန်ကိုယ်အား ကိုယ်ကိုး မူလတန်းကျောင်းအတွက် (၃၂၀၀၀၀)ကျပ်တို့အား ညောင်ဦးခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန် (လက်ထောက်ညွှန်ကြားရေးမှူး)မှ ပေးအပ်ရာ တာဝန်ခံ အသီးသီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD