မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း(၁/၂၀၂၂) ဖွင့်လှစ် ကျင်းပ

ရန်ကုန်     ဖေဖော်ဝါရီ     ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာနိုင်ငံက ကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ဖွင့်လှစ်သော  ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၂) ကို ယနေ့နံနက် ၉ နာရီ အချိန်က ပုသိမ်ညွန့်ရပ်ကွက်၊ လူငယ်အားမာန် (ခြင်းလုံးရုံ) တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးအောင်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ကို ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား/ သင်တန်းသူ ( ၄၀ ) ဦးတက်ရောက်ခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သင်တန်းနည်းပြ ဆရာ/ ဆရာမ ( ၅ ) ဦးမှ ရှေးဦးပြုစုခြင်းဆိုင်ရာများနှင့် ပတ်သက်သည့် လူနာဆန်းစစ်ခြင်း၊   စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊     အဆိပ်မိလူနာလူကုခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများအား ကုသခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းနှင့် လူနာများအား ကိုင်တွယ် သယ်ယူခြင်းများဆိုင်ရာတို့ကို သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်း ကာလမှာ (၂၅- ၂- ၂၀၂၂ ရက်နေ့မှ ၂၇- ၂- ၂၀၂၂) ရက်နေ့အထိ  (၃) ရက် ကြာမြင့် မည်ဖြစ်ပြီး သင်တန်းကာလအတွင်း ထိရောက်အကျိုးရှိစေရန် သင်တန်းသား၊ သင်တန်းသူများအား ရေးဖြေ၊ လက်တွေ့နှင့် လူတွေ့စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)