မိုင်းရယ် ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့အဝင် စိမ်းလဲ့ကန်သာ ရေကန်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သန့်ရှင်းရေးနှင့် ကန်အတွင်းအမှိုက်များ ဆယ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီး၍ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ရေကန်သန့်ရှင်းရေးလုပ်သားများက ကန်အတွင်းရှိ ခြောက်သွေ့သွားသော ကြာပင်များ၊ ဒိုက်များ၊ စွန့်ပစ်အမှိုက်များအား ဖောင်များဖြင့်ဆယ်ယူခြင်း၊ ရေကန်အတွင်းမှ ထွက်ရှိလာသော အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထိုက်