အင်တော ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ယနေ့နေ့လယ် ၁၁ နာရီက ရှောင်တခင်ကွင်းဆင်းစစ်ဆေး၍ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့စားသောက်ဆိုင်များ စစ်ဆေးရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်၊ အင်တောနယ်မြေခံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးစိုင်းအောင်သန်းဦး၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် လိုက်နာရမည့်အချက်များအပေါ် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးကြပြီး ဆိုင်အရှေ့တွင် လက်သန့်ဆေးရည် ဆပ်ပြာရည်နှင့် လက်ဆေးဘေစင်ထားရှိရေး နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်၍ ရောင်းချရန် စျေးဝယ်ယူသူများကိုလည်း Mask တပ်ဆင်ပြီးမှ ဝယ်ယူစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို မပျက်မကွက် လိုက်နာကြပါရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ခိုင် (ပြန်/ဆက်)