မုဒုံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်

မုဒုံ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့နံနက် နာရီက မြို့ပေါ်စျေးများနှင့် လူစည်ကားစုဝေးရာ နေရာတို့၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ပြည်သူ များအနေဖြင့်  နေအိမ်ပြင်ပထွက်ခွာပါက  ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ  တပ်ဆင် သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီး တိုင်းလက်ကိုဆပ်ပြာဖြင့် ဆေးကြော ရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊နှာ ခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ ခြင်းမပြုလုပ်ရန်၊ အပြင်ထွက်ရာကပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ် တကျစွန့်ပစ်ရန်၊ ပြည်သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို မပျက်မကွက်ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များတို့ကို ပူးပေါင်းပါဝင်ပေးကြပါရန်  အသိပညာပေး ပြောကြားခြင်း များ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)