နောင်တရား ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်ကျင်၌ ဆောင်းရာသီတွင် စိုက်ပျိုးသည့် ကြက်သွန်ဖြူများ စတင်ရိတ်သိမ်း လျက်ရှိသည်။
“ဒီနှစ်ကြက်သွန်ဖြူ သိပ်မထွက်ဘူး ဆောင်းတွင်းကာလမှာ မိုးများတော့ ကြက်သွန်ဖြူတွေက အပင်တွေဖြူကုန်တယ်၊ ဆေးလည်းမနိုင်တာလဲပါတာပေါ့ အပင်ဖြူတော့ ကြက်သွန်ဖြူဥ သိပ်မကြီးဘူး အောင်ပန်းကုန်စည်ဒိုင်မှာ ယခုကြက်သွန်ဖြူအဆိုပေါက်ဈေး အလုံးကြီး ထူးလွန်တစ်ပိဿာ ၂၀၀၀ကျပ်ခန့်ဈေးနဲ့ ရောင်းရပါတယ်၊ စိုက်ပျိုးရေးစရိတ်ကြီးလို့ ယခု ပေါက်ဈေးနဲ့ရောင်းရရင် ရှုံးပါတယ်” ဟု နောင်တရားမြို့မှ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။
ကြက်သွန်ဖြူစိုက်ပျိုးသည့် သက်တမ်းမှာ မျိုးစေ့ချချိန်မှ ရိတ်သိမ်းချိန်အထိ ခြောက်လ ကြာမြင့်သည်။ အဆိုပါကြက်သွန်ဖြူ စိုက်ပျိုးထားသည့် လယ်မြေများတွင် ကော်ဖီထုပ်များ ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်ထားကြောင်း အဆိုပါ ကြက်သွန်ဖြူစိုက်တောင်သူ တစ်ဦးက ပြောသည်။ နောင်တရားဒေသအတွင်း ဆောင်းသီးနှံအဖြစ် ရွှေပဲသီးနှင့် ကြက်သွန်ဖြူ များကိုစိုက်ပျိုးကြပြီး ထွက်ရှိလာသည့် စိုက်ပျိုးရေးထွက်ကုန်များကို အောင်ပန်းကုန်စည်ဒိုင်သို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)