အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အ.ထ.က(၂) အင်းစိန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၈)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ    ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံ ချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သက်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံ သားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် ..က()အင်းစိန် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က နံ့သာကုန်းရပ်ကွက်၊ အ..က() အင်းစိန် ကျောင်းခန်းမတွင် ပေးအပ်ခဲ့ကြောင်း အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက် က ပန်းခင်းစီမံချက်ဖြစ်ပေါ်လာပုံ၊ ပန်းခင်း စီမံချက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်တို့အား ရှင်းလင်းပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်းစိန်မြို့နယ်ဦးစီးမှူး ဦးညီညီစိုးက နိုင်ငံသား စိစစ် ရေးကတ်ပြား၏ အရေးပါပုံ၊တန်ဖိုးရှိမှု၊ဆောင်ရန်၊ရှောင်ရန် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး နောက် ..က()အင်းစိန် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၈၈)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တာဝန်ရှိသူများကပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ..က() အင်းစိန် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်နှင့် တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်မိုးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီစိုး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျောင်းများနှင့် ရပ်ကွက်ပေါင်း(၂၁) ရပ်ကွက်ရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ပြည်သူများကို လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)