မိုင်းဖြတ် ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်က ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါဆိုင်ရာ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်း (Quartine Centre)များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိသည့်အခြေအနေများ၊ လူအများဖြင့် ကျင်းပသည့် အစည်းအဝေးများ၊ အခမ်းအနားများပြုလုပ်ရာတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက် နှင့်အညီပြုလုပ်နိုင်ရေး၊ လူစုလူဝေးများ၊ ပွဲလမ်းသဘင်များ ပြုလုပ်ခြင်များကိုလျော့ချရေး၊ ကော်မတီဝင်များ အနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အသိပညာပေးလုပ်ငန်းများ၊ နှာခေါင်းစည်း (Mask) ကမ်ပိန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး