နမ့်စန်(တ) ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာန (၂)ခုမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၄၀၆)ဦး၊ အပြင်ဖြေ ကျောင်းသား၊ကျောင်းသူ (၃၄၇) ဦး၊ စုစုပေါင်း (၇၅၃) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် အထက(နမ့်စန်)စာစစ်ဌာနနှင့်၊ အထက(ခိုလန်) စာစစ်ဌာန ၂ ခု၌ အထက ကျောင်း(၅)ကျောင်းနှင့် အထက (ခွဲ)ကျောင်း(၃)ကျောင်း၊စုစုပေါင်း(၈)ကျောင်းတို့မှ တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား (၂၈၈)ဦး နှင့် ကျောင်းသူ (၄၆၅ ) ဦး၊ စုစုပေါင်း (၇၅၃) ဦးရှိကြောင်းနှင့် အတွဲ(၁) အတွင်း/အပြင် ဖြေဆိုသူပေါင်း (၄၉၃) ဦး၊ အတွဲ(၂) အတွင်း/ အပြင် ဖြေဆိုသူပေါင်း (၁၂)ဦး နှင့် အတွဲ (၇) အတွင်း/အပြင်ဖြေဆိုသူပေါင်း (၂၄၈) ဦးတို့ ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံး မှသိရသည်။
မြို့နယ်ပြန်/ဆက်