ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ်ဒုတိယအကြိမ်(၃၇၇၈)ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည်   ဖေဖော်ဝါရီ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန်က ကာကွယ်ဆေးများကို ဆဋ္ဌမအသုတ် ဒုတိယအကြိမ် (၃၇၇၈)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေး ကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် သံဃာတော်(၂၅)ပါး၊ အစိုးရကျန်းမာရေးဝန်ထမ်း (၃) ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၂)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၉၁)ဦး၊ ပုဂ္ဂလိ ကပို့ဆောင်ရေးလုပ်ငန်း (၁၄)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၃)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း(၁)ဦး၊ အခြားဝင်ငွေရ လုပ်ငန်း လုပ်ကိုင်သူ(၂၅၇၀)ဦး၊ စားသောက်ဆိုင် လုပ်ငန်း လုပ်ကိုင်သူ(၅)ဦး၊ ပြည်သူ(၁၀၅၂)ဦး၊ မသန်စွမ်း(၂)ဦး၊ စုစုပေါင်း(၃၇၇၈)ဦးအားထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများ အား ထပ်ဆောင်း Booster ကာကွယ်ဆေး ထိုးနှံခြင်းများကို မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၂၁၂၀)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)