မိုးနဲ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း မိုးရာသီကာလ နိုဝင်ဘာလအစောပိုင်းတွင် စတင်စိုက်ပျိုး ထားသော ကြက်သွန်ဖြူ စိုက်ခင်းများကို ယခု နွေရာသီ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပေါ့မိုင်း ရပ်ကွက်နေ ဦးအောင်ဖေ၏ နမ့်မော်ဆွမ့် ကျေးရွာတွင် စိုက်ပျိုးထားသည့် ကြက်သွန်ဖြူ စိုက်ခင်းတွင် စတင်နှုတ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြက်သွန်ဖြူကို စိုက်ပျိုးရာတွင် ခရမ်းသီးများ စိုက်ပျိုးပြီးချိန် ယာမြေများ ပြန်လည်ထွန်ယက်ပြီး ရေသွင်း၍ ကြက်သွန်ဖြူဥများကို ကောက်ရိုးဖုံး စိုက်ပျိုးထားလျက် ရှိရာ ၁လကြာ စိုက်ပျိုးပြီးချိန်တွင် အပင်သန်နှုန်း ကောင်းမွန်စေရန်နှင့် ကြက်သွန်ဥကြီး စေရန် ဒီစူပါနှင့် ပုလဲမြေဩဇာကို အချိုးကြ ရောစပ်ပြီး ပက်ဖျန်းပေးထားသဖြင့် ယခုနေ့စား အလုပ်သမားများ ငှားပြီး နှုတ်ယူသည့်အခါ ကြက်သွန်ဥများဖြစ်ထွန်း၍ ရောင်းချရာတွင် ဈေးကောင်းရရှိမည် ဖြစ်ကြောင်း နမ့်မော်ဆွမ့် ရပ်ကွက်နေ တောင်သူအများအပြား မှာလည်း ကြက်သွန်ဖြူ စိုက်ခင်းများ စိုက်ပျိုးထားကြကြောင်း ပေါ့မိုင်း ရပ်ကွက်နေ ဦးအောင်ဖေထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)